ကောင်းကင်ရဲ့ ပမာဏပဲ ကျုံ့သွားသလား
အမြင်ကပဲ ကျဉ်းသွားတာလား
ပြောချင်နေတဲ့ စကားလုံးတွေ ကန့်သတ်ခံလိုက်ရ
မြင်နေရတဲ့ ကောင်းကင်ရဲ့ ပမာဏပဲ ကျုံ့သွားသလား
မြင်မိတဲ့ အမြင်ကပဲ ကျဉ်းသွားတာလား
မြင်နေရတဲ့ စကားလုံးတွေ ကန့်သတ်ခံလိုက်ရ
မြင်မိတဲ့ ကောင်းကင်ရဲ့ ပမာဏပဲ ကျုံ့သွားသလား
ပြောချင်နေတဲ့ အမြင်ကပဲ ကျဉ်းသွားတာလား
ပြောချင်နေတဲ့ စကားလုံးတွေ ကျုံ့သွားသလား
မြင်နေရတဲ့ ကောင်းကင်ရဲ ပမာဏပဲ ကျဉ်းသွားတာလား
မြင်မိတဲ့ အမြင်ကပဲ ကန့်သတ်ခံလိုက်ရ
မြင်မိတဲ့ စကားလုံးတွေ ကန့်သတ်ခံလိုက်ရ
ပြောချင်နေတဲ့ ကောင်းကင်ရဲ့ ပမာဏပဲ ကျဉ်းသွားတာလား
မြင်နေရတဲ့ အမြင်ကပဲ ကျုံ့သွားသလား
မြင်နေရတဲ့၊ မြင်မိတဲ့၊ ပြောချင်နေတဲ့ ကောင်းကင်အမြင်ရဲ့ စကားလုံးပမာဏ ကျုံ့သွား၊ ကျဉ်းသွား၊ ကန့်သတ်ခံလိုက်ရ။
~ဝင်းမင်းထွန်း
၂၆၊၀၅၊၂၀၁၄။